ကရင်နီပြည်နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကရင်နီပြည်နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး

.

ကရင်နီပြည်နယ်တွင် ဇွန်လ ဒုတိယအပတ်တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ၂၂ ဦး သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF က ယနေ့ ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.


.

ဇွန်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်များသို့  တပ်ချိန်းပြောင်းရန်အတွက် စစ်ကြောင်းထိုးလျက်ရှိရာ ဖရူဆိုမြို့နယ် နှင့် ဒီးမော့ဆို မြို့နယ်ကြားရှိ ကျေးရွာများဖြစ်သော၊ ထီးပေါ့ဆိုကျေးရွာ နှင့် ဒေါညေးခူကျေးရွာတို့တွင် ကရင်နီပူးပေါင်းတပ်များ၊ PDF ပူးပေါင်းမဟာမိတ်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

.

ဇွန်လ ၁၂ ရက် ညတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ငယ် ၈ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကာ ဇွန်လ ၁၄ ရက် တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးအား မီးရှို့ခဲ့ပြီး၊ ရွာလုံးကျွတ် နေအိမ်များကို ဖောက်ထွင်းခြင်းများအပါအဝင် ခရစ်ယာန်ဘုရားကျောင်းအား လက်နက်ကြီးများဖြင့် တိုက်ခိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အတူ ဇွန်လ ၁၅ ရက်တွင် တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲကာ၊ ၎င်းတို့ ဆုတ်ခွာချိန်တွင် ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ် နှင့် ဓမ္မာရုံတို့အားမီးရှို့ဖျက်စီးခဲ့ပါကြောင်း၊ ထိုနေ့တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၄ ဦးသေဆုံး ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်များသည် ဇွန်လ လဆန်းပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ဘက်သို့  စစ်ကြောင်းများ ထိုးလျက် ရှိသဖြင့် ကရင်နီပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စံပြ (၆) မိုင်နှင့် ဘက်တလင် ကျေးရွာတို့တွင်  ဇွန်လ ၄ ရက်မှ ဇွန်လ ၁၁ ရက်အထိ စစ်ကောင်စီတပ်များနှင့် ကရင်နီ ပူးပေါင်းတပ်တို့ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စံပြ (၆) မိုင်ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်များ တပ်စွဲ ထားကြောင်း၊ ထို့အတူ ဇွန်လ ဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထား သော ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီးတွင်လည်း KNDF နှင့် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ထို့အတူ လွိုင်ကော်မြို့နယ်၊ ပကြဲကျေးရွာနှင့် ပဒါးညေးကျေးရွာအနီးတွင် ဇွန်လ ၉ ရက်က စစ်ကောင်စီတပ်များနှင့် KNDF တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်းရှိ ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ်များအား ဖောက်ထွင်းဖျက်စီးခဲ့ကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

.

Source – KNDF

.

 






Journal Download

Photo of three cats