အလုပ်အကိုင် ရှားပါးလာ၍ တောင်ကြီးတွင် နိုင်ငံကူးလက်မှတ် လာရောက် လုပ်ကိုင်သူ များပြားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အလုပ်အကိုင် ရှားပါးလာ၍ တောင်ကြီးတွင် နိုင်ငံကူးလက်မှတ် လာရောက် လုပ်ကိုင်သူ များပြားလာ


ရှမ်းပြည်နယ် တောင်ပိုင်း၌ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာသဖြင့် ပြည်ပသို့ ထွက်ခွာ၍ အလုပ် လုပ်ရန်အတွက် တောင်ကြီးမြို့တွင် နိုင်ငံကူးလက်မှတ် လာရောက် လုပ်ဆောင်သူ များပြားနေကြောင်း သိရသည်။

.

" အခုက ရွာမှာ လုပ်ကိုင် စားသောက်ရတာ ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ နေရ ထိုင်ရတာလည်း မလွတ်လပ်ဘူးလေ။ ကိုယ့်အိမ်မှာ နေရင်းနဲ့တောင်အကုန်လုံးကို ကြောက်နေရတာ။ အဲဒါကြောင့် ထိုင်းမှာအလုပ် သွားလုပ်ဖို့ Passport လာလုပ်တာပါ။ " ဟု ပင်လောင်းမြို့မှ အမျိုးသမီး တစ်ဦးက ပြောသည်။

.

COVID-19 ကပ်ရောဂါနှင့်အတူ စစ်တပ်က အာဏာ သိမ်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခင်ကထက် အလုပ်အကိုင် ပိုမို ရှားပါးလာရာ ယင်းအနက် လူငယ်များမှာ ပိုမို ဆိုးရွားနေခြင်း ဖြစ်ကြောင်း သိရသည်။

.

" စကစ က အာဏာသိမ်းတော့ တစ်ပြည်လုံး ဆန္ဒ ပြကြဝာာ၊ ကျနော်လည်း ပါတာပေါ့။ အရင်က ခုလို လက်နက်ကိုင် ဘာညာ မရှိသေးဘူး၊ လက်သုံးချောင်း ထောင်တာလောက်ပေါ့။ အဲဒါ အဖမ်းခံလိုက်ရတယ်။ ၆ လလောက် ထောင်ထဲမှာ နေလိုက်ရတာ။ ပြန်လွတ်လာတော့လည်း အဲဒီ စိတ်ဒဏ်ရာက ခုထိ မပျောက်သေးဘူး။ သူတို့ လက်အောက်မှာ ဆက်မနေချင်‌တော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း အားမရဘူး။ ဒါနဲ့ပဲ ယိုးဒယား (ထိုင်း) သွားဖို့ ဖြစ်လာတာ။ " ဟု တောင်ကြီးမြို့နေသူ လူငယ် တစ်ဦးက ပြောသည်။

.

လက်ရှိ တောင်ကြီးမြို့သို့ လာရောက်၍ နိုင်ငံကူးလက်မှတ် လုပ်ဆောင်သူမှာ ပြည်ပသို့ ထွက်ခွာလိုသူများအနက် လူနည်းစုသာ ဖြစ်ကာ အများစုမှာ တရားမဝင် လမ်းကြောင်းမှ ထွက်ခွာ‌ကြခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats