.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဖြတ်လမ်း (တောင်ပေါ်ကြီးလမ်း)
အား ယနေ့ ဇွန်လ ၂၉ ရက်မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက် ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့က
ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.ပြောက်ကျားတပ်ဖွဲ့များအနေဖြင့်
အဆိုပါ တောင်ပေါ်ကြီးလမ်းတွင် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီ ယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊
ခြုံခိုတိုက်ခိုက်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပြည်သူမော်တော်ယာဉ်များအနေဖြင့်
ယင်းလမ်းအား ဖြတ်သန်းသွားလာခြင်း မပြုလုပ် ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်ဖြတ်သန်းသွားလာရမည်ဆိုပါက
ကားများအား မှန်ချမောင်းပေးကြပါရန်၊ စစ်ကောင်စီယာဉ်တန်းများနှင့်
အနည်းဆုံး ကိုက် ၃၀၀ အကွာမှ ရှောင်၍ မောင်းနှင်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ကို
၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွယ်သောနေရာ၊ ဌာနများ ၊ ဒလန်များ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာထားသော အဖွဲ့တစ်ခုဖြစ်သည်။
.