.
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ
ဟိုတယ်တစ်ခု၏ အခန်းအတွင်း ယမန်နေ့ ဇွန်လ ၁၄ ရက်၊ ညပိုင်းက အမည်မသိ
အမျိုးသမီးတစ်ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူသည် အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး
ဟိုတယ်အခန်းအတွင်း အဲယားကွန်း အလွန်အကျွံဖွင့်၍ သေဆုံးနေခြင်းဖြစ်ကာ သေဆုံးရသည့်အကြောင်းအရင်းနှင့်
အမျိုးသမီး၏ အမည်၊ နေရပ်တို့ကို မသိရှိရသေးကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား
တာချီလိတ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်း
(တာချီလိတ်) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
.
[ Source/Photo | Ko Hla Moe ]
.