.
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက
တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအက်တန်းကျောင်းတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားသည့်
ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ထွက်ပေါ်လာပြီးနောက် ကျောင်းသူ/ ကျောင်းသားများအား
အထူးစည်းကမ်းချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
.
.အဆိုပါ စည်းကမ်းချက်များတွင်
ကျောင်းသို့ ဖုန်းယူလာခြင်း၊ ကျောင်းတွင်ခိုက်ရန်ဖြစ်ပွားခြင်း၊ ကျောင်းတွင်း/ ကျောင်းပြင်ပ
အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းများ ကျူးလွန်ပါက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ကျောင်းပြောင်းလက်မှတ်
ချက်ခြင်း ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ရည်းစားထား ချိန်းတွေ့ခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်း၊
မည်သည့် အကြောင်း အရာမဆို အချိန်းအချက်ပြုလုပ်ခြင်းများ ကျူးလွန်ပါက မိဘနှင့်အတူ ၃
ကြိမ်ခေါ်ယူသတိပေးပြီး ကျောင်းပြောင်း လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ကျောင်းသား/သူများနှင့်
မိဘအုပ်ထိန်းသူများကို ခေါ်ယူလက်မှတ်ရေးထိုး ခိုင်းခြင်းဖြစ်သည်ဟု သိရသည်။
.
တောင်ကြီး အထက (၁)
ကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က Grade 10 ကျောင်းသား ၃ နှင့် Grade 9 ကျောင်းသားတစ်ဦးတို့
အွန်လိုင်းဂိမ်းကစားရင်း ဆဲဆိုရာမှ စကားများရန်ဖြစ်ပြီး ကျောင်းသန့်စင်ခန်းအတွင်း ထိုးကြိုက်
ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.