ဓနုဒေသတွင် ပြည်သူ့စစ်ဖွဲ့ရန် ကြိုးပမ်းနေသူ သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဓနုဒေသတွင် ပြည်သူ့စစ်ဖွဲ့ရန် ကြိုးပမ်းနေသူ သေနတ်ဖြင့် ပစ်သတ်ခံရ

.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ဖွဲ့စည်းရန် ကြိုးပမ်းနေသည့် ပင်းတယ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်ငြိမ်းသည် ယနေ့ ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။
.

.
ဦးကျော်ငြိမ်းသည် ဓနုဒေသတွင် ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် ကျေးရွာများတွင် ငွေအကုန်အကျခံ စည်းရုံးနေသူ တစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဦးကျော်ငြိမ်း အသတ်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ အစည်းများကမူ မသိရှိကြောင်း ပြောဆိုခဲ့ပြီး တောင်ကြီးနှင့် ကလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
.
ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှံးနိမ့်ခဲ့သူဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကဖွဲ့စည်းသည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့် ပျုစောထီးများဖွဲ့စည်းရေးကို အင်တိုက်အားတိုက်လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် စစ်ကောင်စီဒေါက်တိုင် သတင်းပေး တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats