.
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင်
စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း
၁၁ ရွာမှ ကိုယ်ထူကိုယ်ထပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွှေ့ပြောင်းတိမ်းရှောင်နေရကြောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ ဇွန်လ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
.အဆိုပါ ကျောင်းများသည်
ကျေးရွာသူ ကျေးရွာသားများမှ မိမိတို့၏ ကလေးများပညာရေးအတွက် ကိုယ်ထူကိုယ်ထ
တည်ထောင်ထားသည့် ကျောင်းများဖြစ်ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏
ပစ်ခတ်မှုကြောင့် ထိုကျေးရွာများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကြိုးစားတည်ထောင်
ထားသော ပညာရေးလုပ်ငန်းအား ရပ်တန့်စေခြင်းသည် လူ့အခွင့်အရေးကို ပီပီပြင်ပြင်
ချိုးဖောက်နေခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားည်။
.
ကျွန်းကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊
ကြိမ်တောမြောင်၊ ပတ္တလား၊ ပေါက်သတော၊
ထိုက်ထူ၊ စောမူသဲ၊ မမယမ်း၊ သောင်ပု၊ ကျွဲတလင်းစသည့်
ကျေးရွာ ၁၁ ရွာတွင် ကိုယ်ထူကိုယ်ထကျောင်း တည်ထောင်ထားပြီး ကျောင်းသားဦးရေ စုစုပေါင်း
၄၇၆ ဦး
ကို ပညာသင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၏ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်မှ နယ်မြေကျူးကျော်ဝင်ရောက်လာခြင်းကြောင့် KNU တပ်များနှင့် တိုက်ပွဲ
ဖြစ်ပွားနေခြင်းဖြစ်ပြီး
စစ်ကောင်စီဘက်မှ စတင်ကျူးကျော် လှုပ်ရှားသည့် ဇွန်လ ၂၄
ရက်မှ ယနေ့အချိန်အထိ ပြည်သူလူထုနေထိုင်ရာ ဒေသသို့ နေ့ညမပြတ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်လျက်ရှိကြောင်း KNU က
ထုတ်ပြန်ထားသည်။
.
[ Source/Photo | KNU ]
.