ဒီးမော့ဆိုမြို့နယ်၌ ကင်းလှည့်နေသော စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်၌ ကင်းလှည့်နေသော စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ကင်းလှည့်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ဇွန်လ ၅ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မြို့မရပ်ကွက်ရှိ ပညာရေးမှူးရုံးရှေ့၌ မော်တော်ယာဉ်ဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ(၃)မှ C၊ D၊ E တပ်ရင်း၊ တပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းတို့ ပါဝင်သည့် ပူပေါင်းတပ် တို့ တစ်နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၆ ဦးခန့် သေဆုံးခဲ့ပြီး ပူပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့် ပြည်သူ့နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့‌ကြောင်း DMO-Local PDF က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats