.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း)
ပေါ်တွင် ရောင်းချနေသည့် ပျံကျဈေးသည် များအား စည်ပင်သာယာရေးဌာနမှ ဖယ်ရှား ပိတ်သိမ်းခိုင်းထားကြောင်း
သိရသည်။
.
.ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးတစ်လျှောက်တွင်
အချိန်ပိုင်းရောင်းချသည့် ဈေးသည်အများအပြားရှိနေပြီး
ပိတ်သိမ်းခိုင်းသည့်အကြောင်းရင်းအား မသိရှိသေးကြောင်း သိရသည်။
.
“လမ်းဘေးမှာ ရောင်းနေတဲ့ပျံကျဆိုင်တွေကို ၆
ရက်ပိတ်ရမယ်ပြောလို့ ပိတ်ထားရတယ်။ ဘာလို့ပိတ်ရမယ်ဆို တာတော့ ပြောမသွားဘူး။
စားဝတ်နေရေးအတွက်လုပ်နေကြတာဆိုတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့” ဟု
အစားအသောက်ရောင်းချသူတစ်ဦးက ပြောသည်။
.
ဗိုလ်ချုပ်လမ်းမဘေးတွင်ရောင်းချသည့်စျေး
သည်အများစုမှာအချိန်ပိုင်းရောင်းချသူများ ဖြစ်ပြီး အစားအသောက်ကို အဓိကရောင်းချသည့်အတွက်
ကြိုတင်မှာယူထားသည့်ပစ္စည်း များရှိနေရာ အခက်အခဲဖြစ်ပေါ်နေ ကြောင်းလည်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတစ်လျှောက် ဖွင့်ထားသည့်ဆိုင်များသာ
ပိတ်ခိုင်း ခြင်းဖြစ်ပြီး အခြားနေရာရှိ ပျံကျ စျေးသည်
များအားပိတ်ခိုင်းခြင်းမရှိကြောင်းသိရသည်။