မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ဂါလိုင်ကျေးရွာ၊ ဇွက်အောင်စစ်ရှောင်စခန်းတွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူများမှာ ဒေါ်နမ်လန် အသက် ၅၆ နှစ်၊ ဆရာမဒေါင်နော အသက် ၂၈ နှစ်နှင့် ဒေါ်ယော်လွမ် ၅၂ နှစ် တို့ဖြစ်ပြီး အသက် ၈၂ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်းရှိ နေရာ ၂ ခုတွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်မှ စ၍ ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ ဇွန်လ ၁၆ ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ ကုန်ချမ်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်အနီးတွင် KIA၊ PDF အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။