ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်သည့် အဖွဲ့များကို စစ်ကောင်စီ ထပ်မံဖိတ်ခေါ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်သည့် အဖွဲ့များကို စစ်ကောင်စီ ထပ်မံဖိတ်ခေါ်

.

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဆွေးနွေးပွဲ တက်ရောက်ရန် ထပ်မံဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၁၄ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ သည်ဟု သိရသည်။

.

.

ငြိမ်းချမ်းသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုသားအားလုံး၏ အကျိုးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စား အဆုံးအဖြတ် ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦးကို ဇွန်လကုန် နောက်ဆုံးထားပြီး ပေးပို့အေကြာင်းပြန်ကြားရန် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီခေါင်းဆောင်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းကိုယ်တိုင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ခုနှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ခုတို့က လာရောက်ဆွေးနွေးမည်ဖြစ်ေကြာင်း အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

.

အဆိုပါအဖွဲ့များအနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)UWSP နှင့် NDAA (မိုင်းလား)၊ ALP စသည့် အဖွဲ့များနှင့်တွေ့ဆုံထားပြီးဖြစ်ကြောင်း သိရသည်။

.

လက်ရှိ အာဏာသိမ်း စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကမူ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats