ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီဘက်က ယနေ့ ဇွန်လ ၇ ရက်၊ နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဈေးကုန်းရပ်ကွင်း အတွင်းသို့ ကျရောက် ပေါက်ကွဲမှုကြောင့် ယင်းကဲ့သို့ သေဆုံးရခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
.
" စကစ (စစ်ကောင်စီ) မှ ရမ်းပစ်မှုကြောင့် ကျွန်တော်တို့ ပြည်သူတစ်ဦး ကြွေလွင့်ခဲ့ရပြန်ပါပြီ။ မိသားစုနှ င့်အတူ ထပ်တူထပ်မျှ ပူဆွေးရပါတယ် " ဟု Mobye Rescue Team က ထုတ်ပြန်သည်။
.
စကစမှ မိုးဗြဲမြို့ထဲသို့ စစ်ကြောင်းထိုး ဝင်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်နေသောကြောင့် ပြည်သူများ မလိုအပ်ဘဲ အိမ်ထဲမှ အပြင် မထွက်ရန်နှင့် ဒဏ်ရာ ရရှိပါက ၎င်းတို့ထံသို့ (09941506220 ၊ 09941700973 ၊ 09982418543) ဆက်သွယ်ပေးရန် Mobye Rescue Team က အသိပေး မေတ္တာရပ်ခံထားသည်။