.
.
တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊
ညပိုင်းက အမျိုးသမီးငယ်တစ်ဦးအား လက်ကိုင်ဖုန်းလုယက်ပြီး ပြန်ပေးဆွဲရန်ကြိုးပမ်းသူ အမျိုးသား
၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီရဲတပ်ဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊
ဂေါက်ကွင်းလမ်းဆုံတွင် ဇွန်လ ၁၃ ရက်၊ ည ၇ နာရီခန့်က ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် ရီဂျီးနားဟိုတယ်ဘက်မှ
ဝမ်မိုင်ရွာဘက်သို့ မောင်းနှင်လာသော CRV ခဲနက်ရောင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ
ယာဉ်ပေါ်တွင် အမျိုးသမီးတစ်ဦးအား ပါးစပ်ကိုလက်ဖြင့်ပိတ်ကာ ဦးခေါင်းတွင် ပုဆိုးဖြင့်အုပ်၍
ခေါ်ဆောင်လာသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာမှ ပြန်ပေးဆွဲရန်ကြိုးပမ်းမှု ပေါ်ပေါက်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
စစ်ဆေးချက်အရ ယာဉ်ပေါ်ပါ ယာဉ်မောင်း အားရှဲန်၊ အောင်နိုင်၊ အားလုံ
(ခ) ရန်ဇူချင်နှင့် ရွှီထိုက်ချိုင်တို့သည် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်ရှိ
JMK ဟိုတယ်လမ်းဆုံမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) သို့ သွားရာလမ်း ပေါ်တွင်
အမျိုးသမီးငယ် ကိုင်ဆောင်ထားသည့် iPhone အမျိုးအစား လက်ကိုင်ဖုန်းအား လုယက်ပြီး မိန်းကလေးအား
ကားပေါ်သို့ ဆွဲတင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါအမှုမှ ကျူးလွန်သူများအား တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ
အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.