တာချီလိတ်မြို့၊ ဝမ်ဟောင် သုဿန်အနီး၌ သေနတ်ဖြင့် ၈ ချက် ပစ်သတ်ခံထားရသည့် လူငယ် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းအား ယနေ့ ဇွန်လ ၇ ရက်၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရုပ်အလောင်းမှာ အသက် ၂၀ ခန့် အရွယ်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ဝမ်းဗိုက်၌ ကျည် ၈ ချက်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ရဲတပ်ဖွဲ့က သေဆုံးသူ မည်သူ ဖြစ်သည်ကို စစ်ဆေးနေဆဲ ဖြစ်ကာ ရုပ်အလောင်းအား ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းက ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။