မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် ယနေ့ ဇွန်လ ၁ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ်စစ်ကြောင်းသည် လမ်း တစ်နေရာတွင် ယာယီ အထိုင်သပိတ် ပြုလုပ်ကာ ဟောပြောမှုများ ပြုလုပ်ခဲ့သည့် အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ကျဆုံးခဲ့သော ရဲဘော် ၂ ဦးအတွက် အာဇာနည်ဂူဗိမ္မာန်ကို ဦးညွှတ်အလေးပြုခဲ့သည်ဟုလည်း သပိတ်ကော်မတီက ထုတ်ပြန်သည်။