စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ မီးရှို့ခြင်းကြောင့် ထီးစဲခါးအုပ်စုရှိ ပြည်သူ အချို့ ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ မီးရှို့ခြင်းကြောင့် ထီးစဲခါးအုပ်စုရှိ ပြည်သူ အချို့ ဒဏ်ရာ ရ


ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ တပ်သည် ဇွန်လ ၂ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ကာ မီးရှို့ခြင်းများကြောင့် ပြည်သူအချို့ ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်အချို့ မီးလောင် ပျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် လင်ဖုံကြီးကျေးရွာနှင့် ကုန်းမှီကို ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည့် အပြင် ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၁ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း သိရသည်။

.

ထို့အပြင် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကုန်းမှီကိုကျေးရွာရှိ နေအိမ် ၁ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟုလည်း သိရသည်။

.

အဆိုပါ စစ်ကောင်စီတပ်အား ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က ညနေ ၅ နာရီခန့်တွင် ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများ ရှိခဲ့ကြောင်းနှင့် ကရင်နီပူးပေါင်းတပ်ဘက်မှ ထိခိုက်မှု မရှိကြောင်း သိရသည်။

.

ယင်း ပစ်ခတ်တိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် လင်ဖုံကြီးကျေးရွာနေ အမျိုးသား၁ ဦးလက်နက်ကြီး ထိမှန် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

Journal Download

Photo of three cats