.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ “ဝ” တောင်ပိုင်း
စစ်ဒေသ (၁၇၁) တွင် ယနေ့ ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး
တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား အခမ်းအနားဖြင့်
မီးရှိ့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
စစ်ဒေသ (၁၇၁) တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းအနားများကို
နှစ်စဉ် ပြုလုပ်နိုင်ခဲ့သော်လည်း COVID-19 ရောဂါ ဖြစ်ပွားချိန်မှ
စတင်၍ ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ယခု ၂၀၂၂ ခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း
သိရသည်။
.
စစ်ဒေသ (၁၇၁) တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၃၂ ဦးအား
ဖမ်းဆီးရမိခဲ့ပြီး ၃ နှစ်အတွင်း စုစုပေါင်းစိတ်ကြွဆေးပြား ၁၁၃၆၆၁၄၂ ပြား၊ ICE ၉၀ ထုပ်၊ ဘိန်းမဲ ၅၅ ကီလိုဂရမ်၊ ကဖင်းမှုန့်
၁ ပုလင်း၊ နှင်း ၁ ဂရမ်၊ ကဖင်းမှုန့် ၉၀ ထုပ်၊ လိမ္မော်အနံ့ဆေးရည် ၄၀ ပုလင်း၊ မော်လိကျင်အရည်
၈၆ ပုလင်း၊ ကော်မှုန့် ၅၆ ထုပ်၊ ဖန်စီဒိုင်း ၆၀၃ ပုလင်း၊ ပန်းရေညင်း မူးယစ်ဆေးဝါး
ဆက်စပ် ပစ္စည်း ၅ ထုပ်၊ မူးယစ်ဆေးဝါး ရောင်းရသည့်ငွေ ၅၀၀၀၁၄ ဘတ်၊ တရုတ် ယွမ်ငွေ
၃၀၉ ဒသမ ၁ယွမ်၊ ကျပ်ငွေ ၃၇၀၆၀၀ ကျပ်၊ ဖုန်း ၅၉ လုံး၊ နာရီ ၅ လုံး၊ AK 47 သေနတ် ၃ လက်၊ ကျည်ဆံ ၁၈၉ တောင့်၊ တူမီး ၂ လက်၊ ၄၀ M ဗုံးပစ်
လောင်ချာ ၁ လုံး၊ ဗုံးသီး ၁၅ လုံး၊ Equipment ၂ ခု၊ ၁၃ MM
ပစ္စတို ၂ လက်၊ ကျည်ဆန် ၁၀ တောင့်၊ ၉ MM ၂ လက်၊ ကျည်ဆန် ၅၄ တောင့်၊ M
16- ၂ လက်၊ ကျည်ဆန် ၁၈၁ တောင့်၊
ကျည်ကတ် ၃ ခု၊ AK 47 -၂ လက်၊ ကျည်ဆံ ၁၀၀ တောင့်၊ ဓာတ်မီး ၄၂ တောင့်၊
ကားငယ် ၁၂ စီး၊ ဆိုင်ကယ် ၁၁ စီး၊ လမ်းလျှောက်စကားပြောစက် ၉ လုံး၊ မူးယစ်ဆေးဝါး
ရောင်းဝယ်သူ ၁၉ ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၅၃ ဦး တို့ကိုသက်ဆိုင်ရာသို့ ၈ ကြိမ်တိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့
အခမ်းအနားသို့ စစ်ဒေသ (၁၇၁)မှ ဒု-စစ်ဒေသမှူး ဦးကျလောဘိုနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဟွေအော၊နာကောင်းမူ ကျေးရွာရှိ ဒေသခံပြည်သူများနှင့်
ကျောင်းသားကျောင်းသူများ စသည့် စုစုပေါင်း အင်အား ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
[ Source/Photo | Wa Channel ]
.