တောင်ကြီး-ကျိုင်းတုံ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ လမ်းကြေးပေးရသည့် ကုန်ကျစရိတ် များပြားသဖြင့် အခက်အခဲဖြစ်နေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-ကျိုင်းတုံ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ လမ်းကြေးပေးရသည့် ကုန်ကျစရိတ် များပြားသဖြင့် အခက်အခဲဖြစ်နေ ဟုဆို

.


.

မြို့တော်တောင်ကြီးမှ ကျိုင်းတုံမြို့သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် လမ်းဂိတ်ကြေး ပေးရသည့် ကုန်ကျစရိတ် များပြားလာသည့်အတွက် ပြေးဆွဲရာတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

.

တောင်ကြီးမှ ကျိုင်းတုံအထိ လမ်းခရီးတစ်လျှောက်တွင် ခရီးသည်တင်ယာဉ်များအတွက် ယခင်က လမ်းကြေး ကုန်ကျစရိတ် ကျပ် ၂ သိန်းခန့်ရှိခဲ့ရာမှ ယခုအခါ ဂိတ်ပေါင်းစုံ လမ်းကြေးကုန်ကျစရိတ် စုစုပေါင်း ၅ သိန်းကျော် အထိ ကုန်ကျနေခြင်းဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။

.

“အရင်တုန်းက လမ်းကြေးက တစ်ကြောင်းစာဆိုရင် ၂ သိန်းနဲ့ လောက်တယ်။ အခုကျတော့ ပုံစံမျိုးစုံနဲ့ ကောက်နေတဲ့ ဂိတ်တွေက များလာတော့ ကျိုင်းတုံကနေ တောင်ကြီးကို ပြန်လာတာ ၅ သိန်းကျော် ကုန်တယ်။ ဆွဲရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ လမ်းဂိတ်ကြေး ကုန်ကျမှု ပိုမိုများပြားလာနေသည့်အပြင် စက်သုံးဆီဈေးနှုန်းမှာလည်း နေ့စဉ် မြင့်တက်လာ နေသည့်အတွက် ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ရပ်နားထားရပြီး ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်၍ ပြေးဆွဲနေရ သဖြင့် ယခင်လို နေ့စဉ် ပြေးဆွဲနိုင်ခြင်းမရှိတော့ဘဲ တစ်လလျှင် ၃ ခေါက်ခန့်သာ ပြေးဆွဲပေးနေရကြောင်း ယာဉ်လိုင်း ဂိတ်ပိုင်ရှင်တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

Journal Download

Photo of three cats