တောင်ကြီးတွင် သတ်မှတ် ယာဥ်ရပ်နားခထက် ပိုမိုကောက်ခံနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် သတ်မှတ် ယာဥ်ရပ်နားခထက် ပိုမိုကောက်ခံနေ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ‌ပေါ်၌ သတ်မှတ် ယာဥ်ရပ်နားခ တိုးမြှင့်ကောက်ခံနေမှုအပေါ် ပြည်သူများကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။

.

သတ်မှတ် ယာဉ်ရပ်နားခမှာ ပထမ နာရီပိုင်းအတွက် ၂၀၀ ကျပ်နှင့် နှစ်နာရီ နောက်ပိုင်းအတွက် တစ်နာရီလျင် ၁၀၀ ကျပ်နှုန်းသာ ဖြစ်သော်လည်း ကြာမြင့်နာရီအတွက် ကျသင့်ငွေ အပြင် အနည်းဆုံး ၅၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံနေခြင်း ဖြစ်သည်ဟု သိရသည်။

.


" အခု သူတို့က ဆိုင်းဘုတ် ရေးပြီး ကပ်ထားတာ။ ကောက်နေတာက တစ်လွဲ၊ အနည်းဆုံး ၅၀၀ ပဲ။ တချို့ဆို ၁၀၀၀ လောက် ပေးရတယ် ပြောတယ်၊ အဲဒါကဝောာ့ ပြောစကားဆိုတော့ မတိကျဘူး။ ၅၀၀ ကတော့ ကိုယ်တိုင် ပေးရတာ။ ထပ်တိုးအချိန်က သပ်သပ်ပေးရတာ။ " ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

.

ထို့အတူ ယာဉ်ရပ်နားခ ကောက်ခံမှု အသိပေးဆိုင်းဘုတ်တွင် မော်ဝောာ်ယာဉ်၊ မော်တော်ဆိုင်ကယ်ဟူ၍ သီးခြားသတ်မှတ်ထားခြင်း မရှိဘဲ တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်းလည်း သိရသည်။

.

" ဆိုင်းဘုတ်က ဆိုင်ကယ်ကို ကောက်တာလား၊ ကားကို ကောက်တာလား၊ သေချာ မရေးထားဘူး။ ရရင် ရသလို ကောက်တဲ့ အတိုင်း ဖြစ်နေတာ။ တာဝန်ယူမှုတာဝန်ခံမှု မရှိဘူး။ အခု ကားတွေ ပွတ်ဆွဲသွားတယ်။ ဘယ်သူ့ မေးပြီး တရားခံ ရှာရမှန်း မသိဘူး။ တချို့ကားတွေဆို ဘေးမှန်တွေ ဖြုတ် ခိုးခံရတယ်။ ကိုယ်ဖြစ်ကိုယ်ခံ သဘောမျိုးပဲ ဖြစ်နေတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံနှင့် အလယ် BOC ကြား၊မြို့မစျေး မြောက်ဘက် ကုန်သည်လမ်းကြားတွင် ယာဥ်ရပ်နားမှု များပြားပြီး ရပ်နားခများကို ကြုံသလို တိုးမြှင့်ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ယာဉ်ရပ်နားခ ကောက်ခံခွင့် ရရှိသူအား ဆက်သွယ် မေးမြန်းလိုသော်လည်း လက်ရှိ လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းဖော်ပြခွင့် မရှိသည့် အခြေအနေကြောင့် ဆက်သွယ်နိုင်ခြင်း မရှိပေ။

Journal Download

Photo of three cats