ရပ်စောက်၊ နောင်ဘိုဂိတ်တွင် တွေ့သမျှ ကား ကျပ် ၁၀၀၀ တောင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်၊ နောင်ဘိုဂိတ်တွင် တွေ့သမျှ ကား ကျပ် ၁၀၀၀ တောင်းနေ

ရပ်စောက်မြို့နယ်ရှိ နောင်ဘို စစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသည့် စစ်ကောင်စီ၏ လုံခြုံရေး အဖွဲ့ဝင်များက တွေ့သမျှ ‌မော်တော်ယာဉ် ရပ်ခိုင်းပြီး ငွေကျပ် ၁၀၀၀ စီ တောင်းနေကြောင်း သိရသည်။

.

" တွေ့သမျှ ‌ကား ရပ်ခိုင်းပြီး တောင်းနေတာ။ တော်တော်လေးကို ကြာနေပြီ။ သစ်ကားတို့ ဘာတို့ မှောင်ခိုကားလိုမျိုးကို တောင်းတာ မပြောလိုပေမယ့် ခုက အကုန်လုံးကို တောင်းစားနေတာ။ မိုက်ရိုင်းလွန်း၊ ငတ်လွန်းအားကြီးတယ်။ " ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။

.


ဂိတ် တာဝန်ကျ စစ်ကောင်စီ လုံခြုံရေး အဖွဲ့ဝင်များသည် သစ်သီးတင်ယာဉ်၊ ခရီးသည်တင်ယာဉ်မှ အစ အခြား‌သော အထွေထွေ ယာဉ်များပါ မကျန် ငွေဝောာင်းခံနေလျက် ရှိသည်ဟုလည်း နောင်ဘို ဒေသခံ တစ်‌ဦးက ဆိုသည်။

.

ထို့အပြင် သစ်တင်ယာဉ် ကဲ့သို့သော မှောင်ခိုမော်တော်ယာဉ်များကိုလည်း လာဘ်ငွေများ အဆမတန် တောင်းခံနေကြောင်းနှင့် ယင်း လာဘ်ငွေ တောင်းခံသူများ အနက် အဓိကလူမှာ ဒုအရာခံဗိုလ် အောင်သောင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats