စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၁၆ လအတွင်း လူနေအိမ် ၁၈၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၁၆ လအတွင်း လူနေအိမ် ၁၈၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်အထိ ၁၆ လတာအတွင်း စစ်ကောင်စီတပ် နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၈၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

.



မီးလောင် ပျက်စီးခဲ့သည့် လူနေအိမ်များမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတို့မှ နေရာပေါင်း ၄၃၅ ခု ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

.

စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ပျက်စီးဆုံးရှုံးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး ၁၆ လတာ ကာလအတွင်း လူနေအိမ် ၁၃၈၄၀ လုံး ပျက်စီးခဲ့ကာ မကွေးတိုင်းတွင် ၃၀၅၅ လုံး၊ ချင်းပြည်နယ်တွင် ၁၃၁၆ လုံး၊ ကယား (ကရင်နီ) ပြည်နယ်တွင် ၄၁၁ လုံး၊ ရှမ်းပြည်နယ်တွင် ၁၂၄ လုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၅၃ လုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ၅၁ လုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၄ လုံး၊ ကရင်ပြည်နယ်တွင် ၇ လုံးနှင့် ကချင်ပြည်နယ်တွင် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar ၏ အချက်အလက်များအရ သိရသည်။

.

အဆိုပါ စာရင်းများမှာ သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် အချက်အလက်များကို အပြန်အလှန်စိစစ်ပြီး ဒေသခံ၊ လူ့အခွင့်အရေးအဖွဲ့များ၊ စစ်ဘေးရှောင်များကို ကူညီပေးပေးနေသည့် အဖွဲ့များ၏ စာရင်းများကို အခြေခံ၍ ပြုစု ထားခြင်းဖြစ်ပြီး မပြည့်စုံသော အချက်အလက်များကို ချန်လှပ်ထားခဲ့သည့်အတွက် မြေပြင်အရေအတွက်မှာ ပိုမို များပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats