မီးလောင် ပျက်စီးခဲ့သည့် ရပ်စောက်မြို့နယ်ရှိ နေနဂါးပရဟိတပညာရေးကျောင်း ပြန်လည်ဆောက်လုပ်ရန် အလှူငွေများ လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မီးလောင် ပျက်စီးခဲ့သည့် ရပ်စောက်မြို့နယ်ရှိ နေနဂါးပရဟိတပညာရေးကျောင်း ပြန်လည်ဆောက်လုပ်ရန် အလှူငွေများ လိုအပ်နေ


ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ၊ ရှမ်းစုရပ်ကွက်ရှိ  နေနဂါးပရဟိတပညာရေးကျောင်း၏ စာသင်ဆောင်၊ ကျောင်းသား/ကျောင်းသူ အိပ်ဆောင်နှင့် စာကြည့်တိုက်များမှာ မီးလောင်ပျက်စီးသွားခဲ့သည့် အတွက် ပြန်လည် ဆောက်လုပ်ရန် အလှူငွေများ လိုအပ်နေကြောင်း သိရသည်။

.

စာသင်ဆောင်၊ အိပ်ဆောင်နှင့် စာကြည့်တိုက်အပြင် စာအုပ်၊ စာရေးခုံ၊ ထိုင်ခုံနှင့် White Board များ လိုအပ်နေပြီး လက်ရှိတွင် မီးဖိုချောင်အတွင်း၌ အခန်း ကန့်၍ မိန်းကလေးအိပ်ဆောင် ပြုလုပ်ထားရပြီး၊ ယောက်ျားလေးအိပ်ဆောင် အဖြစ် မီးလောင်ရာတွင် မပါဝင်ခဲ့သည့် ကွပ်ပျစ်နေရာတွင် စီစဉ်ပေးထားရကြောင်း နေနဂါးပရဟိတပညာရေးကျောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

.


လက်ရှိတွင် ပေ ၅၀ x ၁၂ ပေ စာသင်ဆောင်ကို ပြန်လည် ဆောက်လုပ်နေပြီး သဲ၊ ဘိလပ်မြေ၊ အုတ်နှင့် သစ် အပြင် ငွေကြေး အကူအညီများ လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

.

အဆိုပါ နေနဂါးပရဟိတပညာရေးကျောင်းကို ၂၀၁၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မီးဘေးသင့်ခဲ့ရာ အိပ်ဆောင်နှင့် ခုံများ မပြည့်စုံသည့်အတွက် ယခုနှစ်တွင် ကျောင်းသား/သူ ၃၅ ဦးကိုသာ လက်ခံနိုင်ကြောင်း သိရသည်။

.

မီးလောင် ဆုံးရှုံးခဲ့သည့် နေနဂါး ပရဟိတ ပညာရေးကျောင်းအတွက် ပါဝင် ကူညီလှူဒါန်းလိုသူများ အနေဖြင့် ဖုန်း 09776972813 ၊ 09779537007 ထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats