နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ အကြိုအဖြစ် မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော နိုင်ငံရေးအကျဥ်းသား အားလုံးနှင့်တကွ နိုင်ငံခေါင်းဆောင်များ ပြန်လည် လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ ယနေ့ ဇွန်လ ၁၈ ရက်တွင် မန္တလေးမြို့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
မန္တလေးသပိတ်အင်အားစုသည် " ငါတ်ို့အားလုံး အကျဥ်းသား အာဏာရှင် ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓား" စာသားပါ ဘန်နာနှင့် အတူ "Freedom From Fear " ၊"ဗေဒါပျံ အံက်ိုခဲ ပန်းပန်လျက်ပဲ"၊ "အရှုံး မပေးမချင်း ငါတို့ နိုင်တယ်" စသည့် အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့်အတူ ဇွန်လ ၁၉ ရက် လူထုလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ပေးရန် ဆန္ဒပြ တိုက်တွန်း နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။