မူဆယ်တွင် ကား လုယက်ခံရ၊ လုယက်သူများကို လုယက်ခံရသူက သေနတ်ဖြင့် ပြန်လည် ပစ်ခတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် ကား လုယက်ခံရ၊ လုယက်သူများကို လုယက်ခံရသူက သေနတ်ဖြင့် ပြန်လည် ပစ်ခတ်


မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၌ ယနေ့ ဇွန်လ ၆ ရက်၊ နံနက်ပိုင်းက ကား လုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ကား လုယက်သူများကို လုယက်ခံရသူက သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

.

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် CCTV မှတ်တမ်း၌ အမျိုးသား တစ်ဦး မောင်းနှင်လာသည့် ကားကို အခြား ကားတစ်စီးပေါ်မှ အမျိုးသား ၂ ဦးက လုယက်ရန် ကြိုးပမ်းပြီး ဝိုင်းဝန်း ထိုးကြိတ်နေစဉ် လုယက်ခံရသူက သေနတ်ထုတ်ကာ ပြန်လည်ပစ်ခတ်ခဲ့သည်ကို တွေ့မြင်ရသည်။

.

ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကားလုယက်သူ အဖွဲ့မှ တစ်ဦး သေနတ် ထိမှန်ခဲ့သော်လည်း ကားကို လုယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

.

မူဆယ်မြို့တွင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ယင်းကဲ့သို့သော ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားတတ်လေ့ရှိရာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများကို မသိရသေးပေ။

Journal Download

Photo of three cats