ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ် (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ် (ရုပ်သံ)


ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို KA နှင့် KNDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲမှာ ညသန်းခေါင်ချိန်ထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲအတွင်း KNDF တပ်ရင်း(၂) မှ ရဲဘော် ၃ ဦး ရလက်ပစ်ဗုံးထိမှန် ဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အများအပြား ရှိနိုင်ကြောင်း KNDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats