ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့်အကြို အထိမ်းအမှတ် အနေဖြင့် လောင်းလုံးမြို့နယ်၌ ယနေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် ဒေသခံ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ကြိုးပေး သတ်ဖြတ်ခြင်း မပြုမီ အာဏာရှင်များက စစ်ခုံရုံးတွင် ပြင်ဆင်ချက် တင်လျှင် ပြစ်ဒဏ် လျှော့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဆလိုင်းတင်မောင်ဦးကမူ " မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူး မထောက်ဘူး" ဟု ရဲဝံ့စွာ တုံ့ပြန်ပြီး အသက်အသေခံခဲ့သူ ဖြစ်ကြောင်း သိရသည်။