ရွာငံတွင် သစ်တောအရာရှိ သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် သစ်တောအရာရှိ သေနတ်ဖြင့် ပစ်သတ်ခံရ

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၂ ရက်က သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်သိမ်းရေးအရာရှိ (သစ်တောဦးစီးမှူး) သေနတ်ဖြင့် ပစ်သတ်ခံရပြီး အလောင်းလာကောက်သည့် စစ်ကောင်စီယဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။

.

.

ပစ်သတ်ခံရသည့် သစ်တော ဦးစီးအရာရှိ ဦးမင်းခိုင်ဦးသည် တပ်တွင်းမှ အသွင်ကူးပြောင်းလာသူဖြစ်ပြီး တော်လှန်ရေး အင်အားစုများကို နှိမ်နင်းရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသူဖြစ်ကာ ဇွန်လ ၂၂ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာအရှေ့ဘက် အထွက်တွင် သုတ်သင်ရှင်းလင်း ခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

.

ရွာငံမြို့နယ်၊ တောင်ဦးကျေးရွာနှင့် မင်းပလောင်ကျေးရွာများတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို မကြာခဏ ပြုလုပ်လေ့ရှိပြီး မင်းခိုင်ဦးသည် ကွင်းဆင်းသည့်အသွင်ဖြင့် ကာကွယ်ရေးတပ်များအကြောင်း သတင်းပေး လေ့ရှိသူဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် အဆိုပါ သေဆုံးသူ မင်းခိုင်ဦး၏ အလောင်းအား လာကောက်သည့် စစ်ကောင်စီယာဉ်တန်း ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးခန့် သေဆုံးနိုင်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

.


Journal Download

Photo of three cats