"ဝ" လူငယ်ကို သေလုနီးပါး ရိုက်နှက်ပြီး သေဒဏ် ချမှတ်လိုက်သည့် အပေါ် လုံးဝ လက်မခံဘဲ ဆန့်ကျင်ကြောင်း "ဝ"လူငယ်ကွန်ရက် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

"ဝ" လူငယ်ကို သေလုနီးပါး ရိုက်နှက်ပြီး သေဒဏ် ချမှတ်လိုက်သည့် အပေါ် လုံးဝ လက်မခံဘဲ ဆန့်ကျင်ကြောင်း "ဝ"လူငယ်ကွန်ရက် ထုတ်ပြန်


တာချီလိတ်မြို့၌ လက်ဗစ်ဗုံး ပစ်ထည့် ဖောက်ခွဲသည်ဟု စစ်ကောင်စီမှ စွပ်စွဲဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံရသည့် "ဝ"လူငယ်အား သေလုနီးပါး ရိုက်နှက်ပြီး သေဒဏ် ချမှတ်လိုက်သည့် အပေါ် လုံးဝ (လုံးဝ) လက်မခံဘဲ ဆန့်ကျင်ကြောင်း "ဝ"လူငယ်ကွန်ရက် - Progressive Wa Youth Network က ထုတ်ပြန်သည်။

.

"ဝ"လူငယ် အိုက်ဆိုင်မိန်းကို ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်ကောင်စီက မတရားစွပ်စွဲဖမ်းဆီး၍ ဝန်ခံလာစေရန် စရဖက လူသားမဆန်စွာ သေလုမျောပါး ရိုက်နှက် နှိပ်စက်ခဲ့ကြောင်းနှင့် တာချီလိတ်ခရိုင်တရားရုံးက ဇွန်လ ၂ ရက်တွင် သေဒဏ်ချမှတ်လိုက်သဖြင့် အလွန်အံ့ဩ တုန်လှုပ်မိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အပြစ်မဲ့ "ဝ" လူငယ် တစ်ဦးအား ယခုကဲ့သို့ မတရားစွပ်စွဲ ဖမ်းဆီးရိုက်နှက်ခဲ့ကာ သေဒဏ်ကျခံရမည့်အရေးကို "ဝ" ဟူသော အမည်နာမ ခံယူထားသည့် အဖွဲ့အစည်းများ အနေဖြင့် မသက်ဆိုင်သကဲ့သို့ မနေဘဲ ပါဝင် ဖြေရှင်းပေးကြရန် "ဝ"လူငယ်ကွန်ရက်၏ ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

.

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်က ပြုလုပ်ခဲ့သည့် အာဏာသိမ်း စစ်ကောင်စီအား ထောက်ခံပွဲ၌ လက်ပစ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီထောက်ခံသူ ၄ ဦး သေဆုံးပြီး ၃၄ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats