မြို့တော် တောင်ကြီး၏ အဓိကဈေး တစ်ခုဖြစ်သည့် မြို့မဈေးတွင် ယခုရက်ပိုင်းအတွင်း ခါးပိုက်နှိုက်မှုများ ပိုမို များပြား လာကြောင်း ဒေသခံများထံမှ သိရသည်။
.
“ဒီနေ့ (ဇွန်လ ၁၃ ရက်) မနက်ပိုင်း ဈေး သုံးနေရင်းနဲ့ လက်ဆွဲအိတ် အခွဲ ခံလိုက်ရတာ။ ဈေးသုံးဖို့ ပါသွားတဲ့ ပိုက်ဆံနဲ့ တယ်လီဖုန်း တစ်လုံး ပါသွားတယ်။ ဘယ်အချိန် အိတ်ကို ခွဲသွားမှန်း မသိလိုက်ဘူး။ ဈေးသွားရင် တော်တော်ကို သတိထားမှ ရတော့မယ်” ဟု မြို့မဈေးအတွင်း ခါးပိုက်နှိုက်ခံရသည့် အမျိုးသမီး တစ်ဦးက ပြောသည်။
.
တောင်ကြီး မြို့မဈေးသည် မြို့ပေါ်သာမက အနီးဝန်းကျင်ရှိ ကျေးရွာနှင့် မြို့နယ်ဒေသများမှ ဈေးသုံးသူများ လာရောက်လေ့ ရှိသည့် ဈေးတစ်ခု ဖြစ်ကာအထူးသဖြင့် ဈေးနေ့တွင် လူ ပိုမိုစည်ကားသည့်အတွက် ခါးပိုက်နှိုက် အန္တရာယ်ကို ပိုမို သတိထားရန် လိုအပ်ကြောင်း မြို့ခံများက ပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဖောက်ထွင်း ခိုးယူမှုများလည်း မကြာခဏ ဖြစ်ပွား နေပြီး မော်တော်ဆိုင်ကယ် ခိုးယူခံရခြင်းများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ပစ္စည်း ပြန်လည် ရရှိခြင်း မရှိသလို ခိုးယူသူများကို ဖမ်းဆီးရမိမှု မရှိကြောင်း သိရသည်။