နောင်ချို မြို့မဈေး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချို မြို့မဈေး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား


ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ နောင်ချိုမြို့မဈေးအနီး၌ ယမန်နေ့ ဇွန်လ ၁ ရက်၊ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

နောင်ချိုမြို့မဈေး၏ အနောက်တောင်ထောင့် အနီးတွင် ဇွန်လ ၁ ရက်၊ ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူတစ်ဦး လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

.

ပြီးခဲ့သည့် မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းကလည်း နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၌ ဗုံးပေါက်ကွဲ၍ ၁ ဦး သေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပတ်သက်၍ မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရသေးဘဲ စစ်ကောင်စီက ဒေသခံအချို့ကို စွပ်စွဲ ဖမ်းဆီးထားကြောင်း သိရသည်။


Journal Download

Photo of three cats