ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ပြည်သူအချို့ ထိခိုက် သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ပြည်သူအချို့ ထိခိုက် သေဆုံးခဲ့ရ


ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ တစ်ရွာ၌ ယမန်နေ့ ဇွန်လ ၁၀ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် အရပ်သားပြည်သူအချို့ ထိခိုက် သေဆုံးခဲ့ရကြောင်း သိရသည်။

.

အဆိုပါ ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ၅ ချက်ထက် မနည်း ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်အတွင်း ရှိနေသည့် အရပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ရှောင် ၁ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၅)က ယနေ့တွင် ထုတ်ပြန်သည်။

.


အဆိုပါ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးရသူမှာ အသက် ၅၄ နှစ်အရွယ် ဒေသခံ အမျိုးသား ဖြစ်ပြီး ဒဏ်ရာ ရသူများမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် စစ်ရှောင်နေသည့် ၁၀ တန်းကျောင်းသူ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် လူနေအိမ် ၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို KNDF က ဆေးဝါးကုသမှု ပေး၍ အကူအညီ အထောက်အပံ့များ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Journal Download

Photo of three cats