တောင်ကြီးမြို့တွင် နေအိမ်ဖောက်ဝင် ခိုးသူ ကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် နေအိမ်ဖောက်ဝင် ခိုးသူ ကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီး

တောင်ကြီးမြို့၌ ယနေ့ ဇွန်လ ၉ ရက်၊ နံနက်ပိုင်းတွင် နေအိမ် ဖောက်ဝင်ရောက်၍ ခိုးယူသည့် အမျိုးသားကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

.



ဘုရာဖြူရပ်ကွက်၊ နယ်မြေ (၄) (လွယ်ခမ်း) စာသင်ကျောင်းအနီးရှိ နေအိမ် နောက်ဘက်တံခါးအား ဖျက်၍ ဝင်ရောက်ပြီးနောက် အိမ်တွင်းရှိ ငွေကျပ် ၁၀၀၀၀ ကျော်အား ခိုးယူ ထွက်ပြေးစဉ် ဒေသခံ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ သူက စာသင်ကျောင်းနားက သစ်ပင်အောက်မှာ စီးလာတဲ့ ဆိုင်ကယ်ကို ရပ်ထားခဲ့တာ။ အိမ်ဖောက်လာပြီး ဆိုင်ကယ်နားကို ပြေးလာတဲ့ အချိန်မှာ ဝိုင်း ဖမ်းလိုက်တာ။ မြင်တဲ့သူက အော်လိုက်ပြီး ဝိုင်းဖမ်းကြတာ။ အော်တဲ့သူကို သူ့မှာ ပါတဲ့ အချွန်နဲ့ ထိုးဖို့ လုပ်သေးတယ်။ ပုတ်ထုတ်လိုက်လို့ မထိုးမိဘူး။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ နေအိမ်ဖောက်ထွင်း ခိုးယူသူမှာ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေသူ ဖြစ်ကာ ၎င်းနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြားကိုလည်း တွေ့ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း သိရသည်။

Journal Download

Photo of three cats