KNU တပ်မဟာ(၁) နယ်မြေ၌ မေလအတွင်း တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU တပ်မဟာ(၁) နယ်မြေ၌ မေလအတွင်း တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၁) နယ်မြေ၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်း အာဏာသိမ်း စစ်ကောင်စီ ၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNDO) တပ်ဖွဲတို့ အကြား ထိတွေ့ပစ်ခတ်မှုပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU က ယနေ့ ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇၁ ဦး သေဆုံးကာ ၅၃ ဦး ထိခိုက် ဒဏ်ရာရ၍ စစ်ကား ၅ စီး ပျက်စီးခဲ့ကြောင်းနှင့် KNLA/KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၁ ဦး ထိခိုက် ဒဏ်ရာရကာ ၂ ဦး ကျဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ် ၁၁ လုံး မီးလောင် ပျက်စီးခဲ့ရသည့်အပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာ ရရှိသူ ၃ ဦး ရှိကြောင်းလည်း KNU က ဆိုသည်။

.

စစ်ကောင်စီ တပ်များသည် ဒေသခံပြည်သူများထံမှ ငွေကျပ် သိန်း ၂၀၀ ကျော်ကို အတင်းအဓမ္မ ယူဆောင်ခြင်း၊ အရပ်သား ၂၄ ဦးအား ပေါ်တာအဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ဒေသခံပြည်သူများ၏ ၁၃ ဧက ရှိ ရာဘာခြံ ၃ ခြံကို မီးရှို့ ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများ၏ ကျွဲ/နွား ၈ ကောင်အား ပစ်သတ်ခြင်းနှင့် စားသောက်ကုန်၊ အခြားပစ္စည်း အများအပြားကိုလည်း ယူဆောင်၊ ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်းကိုလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats