.
.
ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇နှစ်ပြည့် မွေးနေ့အတွက် မန္တလေး အိုးဘိုထောင်ရှိ နိုင်ငံရေး အကျဉ်းသားများက ထောင်ဝတ်စုံတွင် အမှတ်တရ လက်မှတ်ထိုးကာ မွေးနေ့ဆုတောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောင်ဝတ်စုံတွင် "အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေ" ဆုတောင်းစာ ရေးသားထားပြီး ထောင်ဝတ်စုံ နောက်ကျောတွင် "ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ ထင်နေရင်လဲ ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ပဲထိုက်တန်တယ်လို့ ရာဇဝင်က အဆုံးအဖြတ်ပေးပါလိမ့်မယ်" ဟု နိုင်ငံရေးအကျဉ်းသားများက ရေးသားထားသည်။