လက်ရှိ ပြည်တွင်းရေး အခြေအနေမှာ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာ ဖြစ်၍ မည်သည့်ဘက်မှ ပါဝင်မည် မဟုတ်ဟု UWSA ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လက်ရှိ ပြည်တွင်းရေး အခြေအနေမှာ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာ ဖြစ်၍ မည်သည့်ဘက်မှ ပါဝင်မည် မဟုတ်ဟု UWSA ဆို

လက်ရှိ ပြည်တွင်း၌ ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခ အခြေအနေများမှာ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာ ဖြစ်ပြီး ပဋိပက္ခ ပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ/”ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP) က ထုတ်ပြန်ခဲ့သည်။
.
စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် UWSA ကိုယ်စားလှယ် အဖွဲ့က ယင်း တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများကို ယနေ့ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
စစ်ရေးပဋိပက္ခကြောင့် တန်ဖိုးရှိသော အသက်ပေါင်းများစွာ ဆုံးရှုံးခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြားခြင်း၊ အမုန်းတရားများ သားစဉ်‌မြေးဆက်အထိ လက်ဆင့်ကမ်းသည့် လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အမြန်ဆုံး ဖြေရှင်းရန် အနူးညွတ် တိုက်တွန်း ပန်ကြားကြောင်း တင်ပြပြောဆိုခဲ့ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
“ဝ” ပြည်နယ်အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ဘဲ အစိုးရနှင့် ချုပ်ဆိုထားသော ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်များကို ဆက်လက်လိုက်နာထိန်းသိမ်းသွားမည် ဖြစ်ပြီး အခြားတိုင်းရင်းသားများနှင့် တန်းတူရည်သော အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန် တောင်းဆိုကြောင်းကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

Journal Download

Photo of three cats