ပင်းတယမြို့နယ် ပညာရေးမှူးရုံးကို ပင်းတယမြို့ပြ ပြောက်ကျားတပ်စု (UTF-PDY) က ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းတွင် အပျော့စားမိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့သည်ဟု သိရသည်။
.
" အသံမိုင်းသာသာ အပျော့စားမိုင်းဖြင့် အသိပေးသော အနေဖြင့် ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူများအား အသိပေး ကြေညာအပ်ပါသည်။ " ဟု UTF (PDY) က ရုပ်သံဖိုင်နှင့်အတူ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ဌာနဆိုင်ရာအဆောက်အဦများကို ပိုမိုအားကောင်းသော ဖောက်ခွဲရေးများ ပြုလုပ်ဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။