ပင်းတယရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်စွာဝင်းအား Target တစ်ခုအနေဖြင့် စောင့်ကြည့်သွားမည်ဟု ပင်းတယမြို့ပြ ပြောက်ကျားတပ်စု (UTF Pindaya) က သတိပေးထားကြောင်း သိရသည်။
.
UTF Pindaya အနေဖြင့် မြို့တွင်း၌ လှုပ်ရှား ဆောင်ရွက်နေသော တပ်ဖွဲ့ဖြစ်သည့်အတွက် မြို့တွင်းကိစ္စရပ်များမှာ ၎င်းတို့နှင့် သက်ဆိုင်ပြီး ရဲစခန်းမှူး ဒုရဲမှူး ကျော်စွာဝင်းအား Target တစ်ခုအနေဖြင့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကြိုတင် သတိပေးလိုက်သည်ဟု ယနေ့ မေလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ဒုရဲမှူး ကျော်စွာဝင်းသည် ယောက်ဖတော်စပ်သူ ယခုလက်ရှိ စစ်ကောင်စီ၌ တာဝန်ထမ်းဆောင်နေသော ဒုဗိုလ်မှူးကြီး၏ အရှိန်အဝါဖြင့် မြို့နယ်အတွင်း၌ အဂတိ လိုက်စားမှုများ ပြုလုပ်လျက် ရှိပြီး ၎င်း၏ မိန်းမဖြစ်သူမှာလည်း တပ်ဖွဲ့ဝင်များအား နောက်ကွယ်မှ ကြိုးကိုင်လျက် ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ဥပဒေပြင်ပမှ စီးပွားရှာနေသော သူများနှင့် ပေါင်းစပ်ကာ ၎င်းကိုယ်တိုင် ငွေကြေးများ ကောက်ခံနေပြီး လာဘ်စားခြင်းများ ရှိနေသည့်အတွက် ပြည်သူများက ကျေနပ်ခြင်း မရှိဘဲ စခန်းမှူးနှင့် ဇနီး ဖြစ်သူအား Target ထားပေးရန် လာရောက်ပြောဆိုသည်ဟုလည်း UTF Pindaya က ဆိုသည်။