.
သွားလာခွင့် တစ်ရက် ပိတ်မည် ဖြစ်ပြီး ပြည်သူများ မိမိ၏ နေအိမ်တွင်သာ နေထိုင်ပေးရန် အထူးအသိပေး တောင်းဆိုကြောင်းနှင့် သေနတ် ပစ်ခတ်သံများ၊ ဖောက်ခွဲသံများ ကြားပါက မစပ်စုဘဲ နေအိမ်တွင်သာ လုံလုံခြုံခြုံ နေပေးရန်နှင့် အချိန်မရွေး ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သောကြာင့် အထူး အသိပေးအပ်သည်ဟု SYFDA Ranger က ယနေ့ မေလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ပြည်သူများ အန္တရာယ်ကင်းရှင်းရေးကို ပထမဦးစားပေး လုပ်ဆောင်မည် ဖြစ်၍ ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး မိမိနေအိမ်တွင်သာနေထိုင်ပေးရန်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ မေလ ၁၄ ရက်နေ့တွင်ပင် အာဏာသိမ်း စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်တွင် ညောင်ရေသွန်းပွဲ ပြုလုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင်လည်း စစ်ကောင်စီ လက်အောက်ခံ တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ထောင် အပါအဝင် နေရာ အများစုတွင် တပ်အသင့် စုဖွဲ့ နေရာယူကာ လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း သိရသည်။