ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ငွေကျပ်သိန်း ၂၅၀၀ ကူညီ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ခန်းမရှိ စစ်ဘေးရှောင် ၁၅၂ ဦး၊ ၀မ်လုံ မိုင်းတင်း စာသင်ကျောင်းရှိ စစ်ဘေးရှောင် ၇၆ ဦး၊ စုစုပေါင်း ၂၂၈ ဦး တို့ကို ဗိုလ်မှူးကြီး Ling Seng ဦးဆောင်သော အဖွဲ့က မေလ ၂၅ ရက်တွင် တွေ့ဆုံ၍ ပြန်လည် ထူထောင်ရေးအတွက် ကူညီ ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ယခု ၂၀၂၂ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် နေရပ် မပြန်နိုင်သေးသူများ ဖြစ်သည်။