၆၄ နှစ်မြောက် သျှမ်းပြည်တော်လှန်းရေးနေ့အခမ်းအနားကို ယနေ့ မေလ ၂၁ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် ဖြစ်သည့် ၀မ်ဟိုင်းတွင် ပြုလုပ်ခဲ့သည်။
.
အဆိုပါ သျှမ်းပြည်တော်လှန်းရေးနေ့ အခမ်းအနား မြင်ကွင်းနှင့်အတူ အမျိုးသမီးအထူးတပ်ဖွဲ့၏ အကြောင်းကိုလည်း SSPP/SSA က ထုတ်ပြန်ခဲ့သည်။
.
" ရှမ်းလူမျိုး ဖြစ်ရခြင်းကို ဂုဏ်ယူနေဖို့က ရှမ်းလူမျိုးတစ်ယောက်ရဲ့အမျိုးသားရေးတာဝန်၊ အဲ့ဒီအမျိုးသားရေး တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပေးရမှာက SSPP/SSA ရဲ့ မပြောင်းလဲတဲ့ အကြီးမားဆုံးသော တာဝန်တစ်ရပ် ဖြစ်တယ်၊အနာဂတ်ခေတ်မှီ တိုက်ပွဲတွေမှာလည်း ပါဝင်ဆင်နွှဲနိုင်ဖို့ ကျွန်တော်တို့ SSPP/SSA စစ်သည်တွေကို ကြံ့ခိုင်သန်မာအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။