SNLD က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ စာရင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

SNLD က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ စာရင်း ထုတ်ပြန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ (၂၀၂၂ ခုနှစ်) တွင် ရွေးကောက် တင်မြှောက်ခြင်းခံရသော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ယနေ့တွင် ထုတ်ပြန်လာသည်။
.
ပါတီ ဥက္ကဌ အဖြစ် စိုင်းညွန့်လွင်၊ ဒုဥက္ကဌ(၁) အဖြစ် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်၊ ဒုဥက္ကဌ(၂) အဖြစ် စိုင်းလှဖေ (ခ) လုံးဆေယွမ်၊ အထွေထွေ အတွင်းရေးမှူး အဖြစ် စိုင်းလ (ခ) စိုင်းလိတ်၊ တွဲဖက် အတွင်းရေးမှူး(၁) အဖြစ် စိုင်းကျော်ညွန့်၊ တွဲဖက် အတွင်းရေးမှူး(၂) အဖြစ် စိုင်းဆမ်ဖွဏ်ဆိုင် တို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်ကို တွေ့ရသည်။
.
အဆိုပါ SNLD ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မေလ ၂၆ ရက်မှ ၂၇ ရက်အထိ တောင်ကြီးမြို့၌ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats