ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အပါအဝင် ရှေ့လုပ်ငန်းစဉ် ၈ ရပ်ကို SNLD ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အပါအဝင် ရှေ့လုပ်ငန်းစဉ် ၈ ရပ်ကို SNLD ချမှတ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ၏ ၂၀၂၂ ခုနှစ်၊ နိုင်ငံလုံးဆိုင်ရာညီလာခံမှ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အပါအဝင် ရှေ့လုပ်ငန်းစဉ် ၈ ရပ် ကို သန္နိဌာန် ချမှတ်ခဲ့သည်။
.
ယင်း ရှေ့လုပ်ငန်းစဉ်များမှာ CSSU)အနေဖြင့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကြေညာစာတမ်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အပြောင်းအလဲ မြန်ဆန်နေသည့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းများတွင် တရားဓမ္မဘက်မှ ရပ်တည် ဆောင်ရွက်သွားရန်၊ ရှမ်းပြည်နယ် နှင့် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်သွားနိုင်စေရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး တို့အတွက် မိတ်ဖက်အဖွဲ့ အစည်းများနှင့် အတူလက်တွဲ ဆောင်ရွက်သွားရန်၊ အာဏာရှင်စနစ် တိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးအား အားလုံး ပါဝင်ရေးမူဖြင့် ဆောင်ရွက်ရန်၊
.
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသို့ ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲသွားရန်၊ တိုင်းပြည်၏ အသက်သွေးကြော ဖြစ်သည့် ကောင်းမွန်သော ပညာရေးစနစ် တိုးတက် မြင့်မားရေး အတွက် တွန်းအားပေးဆောင်ရွက်သွားရန်၊ ကမ္ဘာ့ကပ် ရောဂါ (COVID-19) အပါအဝင် အခြားကပ်ရောဂါများ ကင်းစင်သည်အထိ တတ်အားသရွေ့ ဆောင်ရွက်သွားရန်တို့ ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အဆိုပါညီလာခံတွင် ဥက္ကဌ ဦးစိုင်းညွန့်လွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၁ ဦး ကိုလည်း ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

Journal Download

Photo of three cats