SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တောင်ကြီးတွင် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တောင်ကြီးတွင် ပြုလုပ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD ပါတီ) ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ယနေ့ မေလ ၂၆ ရက်၊ နံနက်ပိုင်းမှ စတင်၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့်လူမှုရေးခန်းမ၌ ကျင်းပ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
အဆိုပါ SNLD ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ညီလာခံတွင် CEC များ ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းများအပြင် ပါတီ၏ မူဝါဒနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။
.
ယင်းညီလာခံကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးရ လည်းကောင်း ကျင်းပခြင်းဖြစ်ကြောင်း SNLD က ထုတ်ပြန်ထားသည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများအနက် မဲ အများဆုံး ရရှိခဲ့သည့် ပါတီ ဖြစ်သည်။

Journal Download

Photo of three cats