ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ် လွယ်တိုင်းလျှန်း၌ ယနေ့ မေလ ၂၁ ရက်တွင် (၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
မိုင်းတုံမြို့နယ်ရှိ တောတွင်း တစ်နေရာ၌ ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်တွင် ရှမ်းလူငယ် ၃၁ ဦးတို့သည် နွံစစ်ဟန် (ခေါ်) ရဲရင့်သော ရှမ်းလူမျိုးများအဖွဲ့ အမည်ဖြင့် ရှမ်းပြည် လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်း စတင်ခဲ့သည့်နေ့ကို သျှမ်းတော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
RCSS/SSA အဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ကာ ယမန်နေ့ မေလ ၂၀ ရက်တွင် အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အာဏာသိမ်း စစ်ကောင်စီဥက္ကဌ တို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။