စစ်ကောင်စီဥက္ကဌ၏ တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ (RCSS)က သွားရောက်တွေ့ဆုံမည့်ဟု မေလ ၁၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
.
နိုင်ငံရေးပြ ဿနာကို နိုင်ငံရေးနှင့် ဖြေရှင်းရေး၊ တန်းတူရည်တူရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းများ ဖြေရှင်းရေးတို့အားဦးတည်ပြီး ကိုယ်စားလှယ်စေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
.
တွေ့ဆုံ ဆွေးနွေးညှိနိုင်းခြင်းဖြင့် အပြန်အလှန် ယုံကြည်တည်ဆောက်ခြင်းသည် မရှိမဖြစ် လိုအပ်ပြီး ကိုယ်ပိုင်ပြ ဌာန်းခွင့် အပြည့်အဝရှိိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှသာလျှင် ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင်းတသော အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နိုင်ပြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ခေတ်မီသော တိုင်းပြည်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။