လိန်းလီကြိုးတံတား ဂိတ်စောင့် စစ်ကောင်စီတပ်ကို Pekhon PDF နှင့် KNDF တို့ ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လိန်းလီကြိုးတံတား ဂိတ်စောင့် စစ်ကောင်စီတပ်ကို Pekhon PDF နှင့် KNDF တို့ ဝင်တိုက်


ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နှင့် နေပြည်တော်သွား လမ်းမကြီးပေါ်ရှိ လိန်းလီကြိုးတံတား ဂိတ်စောင့် စစ်ကောင်စီတပ်ကို Pekhon PDF နှင့် KNDF တို့က မေလ ၁ ရက်၊ နံနက် အစောပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

.

ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း(၁)၊ တပ်ရင်း(၂) နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း(၃) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း Pekhon PDF တပ်ရင်း(၂)က ယမန်နေ့တွင် ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တိုက်ပွဲမှာ နံနက် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံး ဒဏ်ရာ ရရှိမူ များပြားခဲ့ပြီး အရေအတွက်ကိုမူအတည်ပြုနေဆဲ ဖြစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်၏ အာဘော် Telegram Channel တစ်ခုတွင်မူ လိန်းလီကြိုးတံတားထိပ်၌ တာဝန် ထမ်းဆောင်နေသည့် သစ်တောဝန်ထမ်းများအား PDF များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားပြီး သစ်တောဝန်ထမ်း ၂ ဦး နှင့် လုပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

Journal Download

Photo of three cats