ရိက္ခာ ပြန်ယူသော စစ်ရှောင်ပြည်သူများအား လုံခြုံရေး ယူပေးနေသည့် မိုးဗြဲ PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရိက္ခာ ပြန်ယူသော စစ်ရှောင်ပြည်သူများအား လုံခြုံရေး ယူပေးနေသည့် မိုးဗြဲ PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်

ရိက္ခာ ပြန်ယူသော စစ်ဘေးရှောင် ပြည်သူများအား လုံခြုံရေး ယူပေးနေသည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF) နှင့် စစ်ကောင်စီတပ်တို့ မိုးဗြဲမြို့အနီးရှိ ဝှါရီဆူးပလိုင်ရွာ၌ မေလ ၂၂ ရက်၊ ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
ဝှါရီဆူးပလိုင်ရွာမှ ရွာခံ ပြည်သူများသည် 
စစ်ဘေးရှောင် နေရသည့်ကာလ ကြာလာသည်နှင့် အမျှ အစားအသောက်များ ခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများ ပြန်ယူလိုကြောင်း အကူအညီ တောင်းခံလာသည့်အတွက် လုံခြုံရေးအဖြစ် လိုက်ပါ ဆောင်ရွက်စဥ် ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု MB PDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခဲ့‌သော်လည်း စစ်ဘေးရှောင် ပြည်သူများသည် လိုအပ်သေ ရိက္ခာများကို အချိန်မီယူဆောင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်ပြီ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းနှင့် MBPDF ဘက်မှ ရဲ​ဘော်တစ်ဦး အသေးစား ဒဏ်ရာသာ ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats