ပြည်သူ့ကာကွယ်ရေးတပ် - ဖယ်ခုံ ( PDF Pekhon) ၊ ပြည်သူ့ကာကွယ်ရေးတပ် - လွိုင်ကော် (PDF LK)၊ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO – PDF)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ မေလ ၁၄ ရက်၊ နံနက် ၆ နာရီခန့်တွင် စနိုက်ပါစစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း PDF Pekhon က ထုတ်ပြန်သည်။
.
အဆိုပါ စစ်ဆင်ရေးကို ထိုင်တော်မူဘုရားတောင်၌ ပြုလုပ်ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စစ်တပ်ဖွဲ့သည် တိုက်ပွဲအပြီး လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတိပြန်ချက်တွင် ဖော်ပြထားသည်။