ဖယ်ခုံမြို့နယ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းအနီး ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဘက် ထိခိုက် သေဆုံးမှုများ ရှိသည်ဟု သိရသည်။
.
တိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးဘက်မှ ၂ ဦးထိခိုက်ခဲ့သည်ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။
.
ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော် ၂ ဦးကို MPRT က စနစ်တကျ ကုသပေးနေကြောင်းနှင့် စစ်ကောင်စီတပ်အများအား ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။