စစ်ကောင်စီထုတ်ကုန်များ ရောင်းချ/ဝယ်ယူခြင်း မလုပ်ရန် မိုးဗြဲ PDF ပညာပေး စည်းရုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီထုတ်ကုန်များ ရောင်းချ/ဝယ်ယူခြင်း မလုပ်ရန် မိုးဗြဲ PDF ပညာပေး စည်းရုံး


ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပေါ်ရှိ ဈေးဆိုင်နှင့် ကုန်စုံဆိုင်များကို စစ်ကောင်စီ၏ ထုတ်ကုန်များ ထပ်မံ တင်သွင်း ရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန် ပညာပေး စည်းရုံးခြင်း၊ ထုတ်ပြန်ချက်စာ‌စောင်များ ကပ်ခြင်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF) က ယမန်နေ့ မေလ ၁၁ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



"စျေးဆိုင် ရောင်းသူများ အပါအဝင် စျေးဝယ်ယူသူ မိဘပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီ ထုတ်ကုန်များအား ထပ်မံ တင်သွင်းရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်းများ မပြုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးကြပါလို့ ထပ်မံတိုက်တွန်းလိုပါသည်။"ဟု MB PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

.

ထို့အပြင် မိုးဗြဲမြို့နယ်အတွင်း၌ နေထိုင်သူများအနေဖြင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ ဝယ်ယူသုံးစွဲခြင်းများ မပြုလုပ်ရန်နှင့် ထုတ်ပြန်ချက်များကို လိုက်နာပေးရန် မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats